Wednesday, November 30, 2011

လွမ်းလို့

လမ်းလျှောက်ရင်း ပန်းကောက်ခဲ့တယ်။
အိမ်ပြန်ချိန်နောက်ကျလို့ 
နွမ်းလျမွေ့လျော် အဖော်မပါ။
အသဲစိုင် အရည်စွန်းလို့
သုံးလွန်းတင် သံယောဇဉ်တွေနဲ့
ဟစ်တိုင်ပေါ် ဇိမ်ခံထိုင်ပြီး
ခပ်ကြမ်းကြမ်း လွမ်းလျှက်။  ။

ဆက်ဖတ်ရှု့ရန်

Tuesday, November 29, 2011

နစ်နာကြေး

လွမ်းစရာအိမ်မက်ကိုရေဖျော်သောက်
သောကကိုမွှေနှောက်လို့
ဘဝခရီးတစ်ထောက်နားချိန်
အသည်းဆိုင်ကို အခမဲ့ဝင်ရောက်
တံခါးခေါက်ခဲ့လေးသလားလို့..ငါထင်
ဒါပေမယ့်..ထွက်ခွာသွားခဲ့ရင်
ဒဏ်ရာဖိုးလေးတော့ပေးခဲ့ပါ ။
                                                     နေရီချို




ဆက်ဖတ်ရှု့ရန်

မညီမျှလို့

ကော်ဖီတစ်ခွက်နဲ့ အချစ်ကိုမျှောချခဲ့တယ်..
ပူရှရှ ရိုက်ခတ်သံတွေနဲ့အတူ
တေးသွားတစ်ပုဒ်ကို
ဝါးမြိုရသလို
ချွေးသိပ်သူ မဝေဆာလေတော့
ကံကြမ္မာအလှည့်မှာ
တခဏတာ
မဲ့ပြချင်တယ်
ရာသီဆောင်းနဲ့ မညီလို့။  ။

ဆက်ဖတ်ရှု့ရန်

မသိတာတွေနဲ့ ဆောင်ယူချင်သူ

အချစ်ကပေးတဲ့ ဒဏ်ရာ
အပြစ်အနာအဆာဖြစ်ခဲ့ရင်
ဝေဒနာလို့မဆိုနိုင်သူဟာ
ဘာ့ကြောင့်လဲ?
အချစ်ကပေးတဲ့ လေညင်း
ချစ်တင်းတွေဖြစ်ခဲ့ရင်
အချစ်ပြတင်းကိုဖွင့်သူဟာ
ဘာ့ကြောင့်လဲ?
ကြေငြာတာ သေရာပါမယ်ဆိုခဲ့ရင်
ထုဆစ်တဲ့ပုံတူ
ငါ ဆောင်ယူချင်တယ် ကလေးရယ်....
ဆက်ဖတ်ရှု့ရန်

ဒွိဟ

ပျော်ရွှင်ခြင်းတွေ မှိုင်ပြာဝေချိန်
ဝမ်းနည်းခြင်းတွေက ဆန်းပြားစွာ
စခန်းသွားခဲ့တယ်နော်..
နှုတ်ဆက်တဲ့ ဘ၀ရဲ့ လက်များကို
ဆန့်တန်းထားချင်ပေမယ့်
ဖေးကူလှည့်ယူသူကမရှိ
အလွမ်းတရားနဲ့ မှန်းထားတာက 
အဆုံးစွန်ပါ။

ဆက်ဖတ်ရှု့ရန်

Monday, November 28, 2011

ထင်တာက

ကွန်ပျူတာကို restart ချရင်သင့်တင့်စွာ ပြန်ကောင်းလာသလို
အချစ်တွေကိုလည်း restart ချကြည့်တယ်...
ထင်သလိုမဟုတ်ခဲ့ပါဘူး။
တစ်ကြိမ်ကြိုးစားကြည့်တယ်..
ဘ၀ကို refresh လုပ်ကြည့်တယ်..
နောက်အချစ်ကိုလည်း refresh လုပ်ကြည့်တယ်..
လိုအပ်တဲ့အတိုင်းတာတစ်ခုထိ
မရောက်ခဲ့ပေမယ့် 
ငါကျေနပ်တယ်...
အရိုသားဆုံးလူဟာ
အချစ်စစ်ဖြစ်လို့ပဲ။  ။
ဆက်ဖတ်ရှု့ရန်

Sunday, November 27, 2011

အလေ့အလာ

အချစ်ကို အရည်ကြိုကြည့်တယ် မေတ္တာကိုလည်း မီးပူတိုက်ကြည့်တယ် တကယ်တမ်း ပျော်ဝင်သွားတာက စိတ်ဓါတ်။
အလျားအနံရှိပါတယ်ဆိုတဲ့ အရာတွေ၊ အသွားအပြန်ရှိပါတယ်ဆိုတဲ့ အရာတွေကို ခေါက်ချိုးညီ မြင်းတစ်ချောင်း ပြေးဆွဲကြည့်တယ် ပါးလွှာလွှာ သံယောဇဉ်တော့ ကျန်ပါရဲ့။
အလှမ်းကျယ်အလယ်လပ်နေတဲ့ နေရာကို ဘယ်အရာတွေက ဦးဆောင်နိုင်မလဲ။
တစ်နေ့ထက်တစ်နေ့ ကြာလာသည်နှင့်အမျှ ဘ၀က လမ်းညွှန်လို့ ပန်းပင်အလှ စိုက်နိုင်ကြပါစေ...
ဆက်ဖတ်ရှု့ရန်

Saturday, November 26, 2011

အချစ်ပါ

ပေးပြီးပြန်တောင်းဖို့ခက်တာ အချစ်ပါ။
တောင်းပြီးပြန်ပေးဖို့ခက်တာလည်း အချစ်ပါ။
မပေးပဲယူသွားတာ အချစ်ပါ။
ပေးပြီးမယူတာလည်း အချစ်ပါ။
အပြစ်ရှာသူအဖို့ ချစ်နေပါလည်း 
ဇစ်မြစ်တကယ်မခိုင်တာကြောင့်
အစစ်အစစ်ဆိုတာ 
အတုယောင်တွေကြားထဲမှာ
အချစ်အချစ်လို့အော်နေသလိုပါပဲ။
ဆက်ဖတ်ရှု့ရန်

Friday, November 25, 2011

ချစ်ခဲ့ပါတယ်...

မွန်းကြပ်တဲ့ နှလုံးသားကို
စွန်းထင်းကင်းမဲ့အောင်ဖန်တီးပြီး
ပန်းချီဆရာမဲ့စွာ
မင်းပုံဖော်ခဲ့တယ်နော်။
တောက်ပနေတဲ့ ကောင်းကင်ကလမင်းလို့
အကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့
ပန်းကြာငုံ ခုတော့ လူတွေစုံနေပါပေါ့လား။
ပိတုန်းတွေ ပျံဝဲတာကို စောင့်ကြပ်
ငပေါတစ်ယောက်ရဲ့ အဖြစ်အပျက်လို
ငါကြောင်တောင်တောင်ဖြစ်ခဲ့ပေမယ့်
တကယ်ချစ်ခဲ့ပါတယ်။
ဆက်ဖတ်ရှု့ရန်

Wednesday, November 23, 2011

ဘယ်သူနဲ့ငါ

ချစ်စိတ်တွေအိပ်ငိုက်နေခိုက်
လှန့်နှိုးသွားတဲ့ တီးတိုးသံလေး
ခုတော့ ဘယ်ဆီပြေးပါလိမ့်။
ကမ္ဘာပတ်နေတဲ့ မေတ္တာကို အရောင်တွေစပ်ပြီး
တိမ်နှောင်လိမ်လို
အသက်သွင်းသွားတယ် ဘယ်သူများပါလိမ့်။
နန်းမထိုက်တဲ့ ပန်းပေမို့
တိတ်တခိုး စိုးရိမ်
အဖြူစင်ပါလို့ အန်မထုတ်နိုင်တဲ့သူကတော့
ငါပါပဲ။  ။

ဆက်ဖတ်ရှု့ရန်

Monday, November 21, 2011

မရှိတဲ့ ရင်ခွင်

ရင်ခွင်ဗလာနဲ့ အိမ်ပြန်ခဲ့တယ်...
သူခိုဝင်သောနေရာက ကျန်ခဲ့တဲ့ သူရဲ့ ခြေရာ
ခုတော့ သေရာပါပေါ့။
နှလုံးသားကို ပုံဖော်ပြီး ဟစ်ကြွေးခဲ့ဖူးတဲ့ သူရဲ့ တေးသံ
ခုတော့ ကဗျာမဆန်ဖြစ်ပါပေါ့။
အချစ်အထာတော့ မကျ
သဘောသဘာဝက နေထိုင်စ ပြုနေပြီ။
ဆက်ဖတ်ရှု့ရန်

Friday, November 18, 2011

လမ်းစ

လမ်းလျှောက်ချိန်တွေက ငိုက်မြည်းနေစဉ်
ဘ၀င်မှာ လေဟတ်
အတုန်အယင် ကပွဲဆင်လို့ 
မမြင်နိုင်အမှောင်က ဘုရင်
စစ်သည်ခင်းတဲ့ ချစ်တရားက
ကမ်းပါးဟိုဘက်
မျက်နှာကျက်မှာ အုံကျင်းဖွဲ့လို့ နေလေရဲ့။  ။
သောင်မတင်ကမ်းမကျ ဘ၀ရဲ့ လမ်းစပေါ့ကွယ်....
ဆက်ဖတ်ရှု့ရန်

Thursday, November 17, 2011

အတ္တဆန်သော အပြုံး

ကြီးကျယ်ခမ်းနား တယ်ဆိုတဲ့အရာများ
ငါက ရယ်ချင်တယ်..
ဒီစိတ်လေးပေါ့..
အောက်ကျ နောက်ကျ ရှုံးနိမ့်နေတာတောင်
ကြောက်ပြီလားတဲ့။
ဒါ..မာယာပဉ္စလက်နဲ့ အကျဉ်းကျခံ
ကံကြမ္မာကြိုးဆွဲရာ
ကိုယ်လိုရာ ပန်းတိုင်ရှာ
အဲဒါ...အမှားဝင်္ကပါ.

လမင်းကို ခုန်မင်သူပါ

ဖြစ်ချင်ခဲ့တာက ကြယ်စင်တွေ ၀န်းရံခလို့ပေါ့..
ဒါပေမယ့်
မီးပျက်ညတွေမှာ
အလင်းရောင်ရဲ့တန်ဖိုး တိုးလို့မြတ်နိုး
ပိုင်ဆိုင်တာက
သူများရဲ့သွေး.ချွေးနဲ့ဘဝ
နောက်ဆုံးတော့
ပိုးစုန်းကြူးလောက်
လင်းလက်ခွင့်ရလဲ
ကျေနပ်ရတော့မှာပါ...မဗေဒါ......
                   နိုင်ဦး(ချင်းတွင်း)
ဆက်ဖတ်ရှု့ရန်

Wednesday, November 16, 2011

ချစ်လို့

လူလိမ္မာတွေလည်း ခိုးခိုးပြီးမိုက်ကြသလို 
လူဆိုးတွေလဲ တိုးတိုးလေးလိမ္မာခဲ့ကြတယ်..
ဒီလိုဘဲ ငါဘယ်လောက်ဆိုးဆိုးမင်းအတွက်ဆိုပြီးတော့ 
တိုးတိုးလေးလိမ္မာခဲ့ဖူးပါတယ်..
ဆက်ဖတ်ရှု့ရန်

ခွန်အားပြည့်စွမ်းအင်

ပျားရည်ဆမ်းတဲ့လမ်း
ပန်းလေးတွေက အထီးကျန်ပေမယ့်
အရင်းခံနှလုံးသားကို ဖြန့်ခင်းခဲ့လို့
ဘ၀ကနိမ့်ကျ
ပြန်မထနိုင်ဦးတောင်
တစ်နေ့တော့အချစ်အတွက်နဲ့
ပြန်ထဖို့
ခွန်အားတွေကို မင်းဆီကရရှိခဲ့တယ်..
ဒါပေမယ့် ငါစိတ်တွေ မပုပ်သိုးခင်
ရွှေလင်းပန်းလေး လှမ်းကမ်းပေပါကွယ်...

ဆက်ဖတ်ရှု့ရန်

Monday, November 14, 2011

ထင်ဟပ်မှု

နှလုံးသားကို အရည်ညှစ်ကြည့်တယ်..ထွက်လာတာက မင်းကိုချစ်တယ်..အသည်းကို ခြစ်ကြည့်တယ်..ပေါ်လာတာက မင်းရဲ့နာမည်...အသိစိတ်ကို ဓါတ်ခွဲကြည့်တယ်...မှန်ပြောင်းမှာ ထင်ဟပ်လာတာက မင်းရဲ့ပုံရိပ်...အော်..ဒီဘ၀တော့ အကုန်ဆိတ်သုဉ်းတဲ့အမုန်း ဘယ်ဆီမှာများ လှောင်ပုန်းနေပါလိမ့်နော်...
ဆက်ဖတ်ရှု့ရန်

Thursday, November 10, 2011

စိတ်ညစ်စေတဲ့အချစ်

ကြာကြာချစ်တော့ စိတ်ညစ်စရာတဲ့ မကြာမကြာချစ်ရင် စိတ်ထင့်နေမလား၊ ခဏခဏဆိုရင်ကော ထပ်ဆင့်နေမလားပဲ၊ သိပ်ချစ်တယ်ဆိုတာထက် သိပ်ဖြစ်နေတယ်ဆိုရင် မလုံလောက်တဲ့ အချစ်။ ခုတော့ အပြစ်ဖြစ်တော့မှ ဆန့်ကျင်ဘက်တွေ ပြောင်းလဲတာ သဘာဝလား။ မတရားဘူးလို့ယူဆခဲ့ရင် တရားတာက ခရီးသွားနေတယ်ထင်တယ်။ ကမ္ဘာပတ်ပြီးပေါ့လေ။
ဆက်ဖတ်ရှု့ရန်

အသဲမပါ

မိုးကိုအန်တုလို့
ထီးမဆောင်ခဲ့ဘူး။
မီးတောင်တွေကြားမှာလည်း
ထီးမဆောင်ခဲ့ဘူး။
လိုအပ်တာကို
လိုက်လို့ပို့တဲ့
ချစ်သူတစ်ယောက်
ချယ်ရီပင်အောက်က 
ကောက်လိုက်တယ်..
ဒါပေမယ့်
အသဲမပါ။
ဆက်ဖတ်ရှု့ရန်

Wednesday, November 9, 2011

ဗလာ

ရင်ခွင်ဟာ ဗလာ
ခံစားချက်က အလှူပေးလို့မကုန်ဘူး။
နှောင်တွယ်မည့် လှိုင်းသံက ဆူညံနေတယ်။
ခုတော့ မုန်တိုင်းကို စိန်ခေါ်ပြီး
လေညှင်းကို အသက်သွင်းထားရမည့် အနေအထားပါလား။
အိမ်ပြန်ချိန်တော့ နောက်မကျချင်ဘူးကွာ.....
ဆက်ဖတ်ရှု့ရန်

ဒဏ်ရာနဲ့ နှလုံးသားမှာ

ပန်းလေးတွေ ဖြန့်ခင်းထားတဲ့ အချစ်သင်ဖြူးပေါ်မှာ
   အသဲစကားတွေ မပါတဲ့ အိပ်မက်တစ်ခုနဲ့ တူတူရှိနေရင်
      ဘ၀ကပေးတာ ပျော်ရွှင်မှုမဖြစ်နိုင်။ လှောင်ရယ်သံတွေ ခြုံထားတဲ့ အပြုံးများက နှိပ်စက်တတ်တဲ့
 ထစ်ချုန်းမိုးလို တအားသွန်ချလိုက်တာ နှလုံးသားမှာ ပဲ့ချန်နေတဲ့ ဒဏ်ရာလေး ပြန်လည် ပြည့်သွားတယ်။
ဒါပေမယ့် နည်းနည်းနင့်တယ်။ စူးတယ်။ မနာကျင်ခဲ့ပါ။
ဆက်ဖတ်ရှု့ရန်

Tuesday, November 8, 2011

ဘာ့ကြောင့်ပါလိမ့်

ရေတွေတိုက်စားတာ
ကမ်းပါးပါဆိုရင်
မျက်ရည်တွေတိုက်စားတာ
မျက်သားလို့ပြောလိုက်မယ်။
ဒါပေမယ့်
တကယ်တော့ နှလုံးသားပါ။
ကမ်းပါးက မလှုပ်ရှားပဲ
ရေလှိုင်းက ပုတ်ခတ်တာအပြစ်လို့ဆိုရင်
မျက်ရည်က ထိုးနှက်တာလည်း
အပြစ်ပဲပေါ့။ ။
ဒါပေမယ့်
အပြစ်လို့မထင်ခဲ့တာ
ဘာ့ကြောင့်ပါလိမ့်။ ။
ဆက်ဖတ်ရှု့ရန်

Sunday, November 6, 2011

မိန်းကလေးများ၏ လျှို့ဝှက်ချက်များ

ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို--------
ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို--------
ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ--------
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုင်းတာလဲဆိုတာကို------
ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ----------
ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ----------
ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ----------
ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။ ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ---------
ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ--------
ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင်သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်ကောက်ရတာလဲ--------
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာ---------
ကောင်မလေးခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို မေးမေးနေတာလဲဆိုတာ------
ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေကကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ--------
ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေသူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့သေချာနားထောင်ပေးနေတာပါ။

မင်းသန့်ဇော်ဆိုဒ်လေးမှပြန်လည်တင်ပြပါသည်။
ဆက်ဖတ်ရှု့ရန်

Friday, November 4, 2011

အချစ်ငြူတူ

အချစ်တဲ့ 
တစ်ခါတစ်ရံစိတ်ညစ်ရပြီး
တစ်ခါတစ်ရံ စိတ်ကုန်ပြန်တယ်၊
တစ်ခါတစ်ရံ တွေးကြည့်ပြန်တယ်၊
တစ်ခါတစ်ရံ ငေးကြည့်ပြန်တယ်၊
ဆန်းကြယ်လှောင်ဆူ
အချစ်ဆိုတဲ့ ငြူငြူတူတူကို 
ဘယ်လိုရုန်းလို့ လွတ်ပါ့မလဲကွယ်....
ဆက်ဖတ်ရှု့ရန်

မီး

အိမ်ပြန်ချိန်ရဲ့နောက်ကွယ်
ကန့်လန့်ကာတွေနဲ့ ဖောက်သည်ချခဲ့တယ်။
အရှုံးသမားက တွတ်တီးတွတ်တာ ရွတ်လို့။
နေ၀င်ခြင်းရဲ့ အရိပ် တိတ်ဆိတ်လို့ လောင်မြိုက်
အမုန်းမဆိုက်ချင်သူ။
စကားသံကို ရထားတစ်စင်းပေါ်တင်ရင်း
ရင်ခုန်တဲ့ မျက်ခင်းပေါ် တက်နင်းခဲ့တဲ့ အနမ်း
စခန်းအနီးမှာ 
အရူးမီးဝိုင်းလို့။
ဆက်ဖတ်ရှု့ရန်

မသိလိုက်လို့

နှလုံးသားကို မီးပြတိုက်မှာသိမ်းထားခဲ့တယ်။
   ဒါပေမယ့် လူတစ်ယောက်က ဘယ်ချိန်မှာ ယူသွားလိုက်တယ်မသိဘူး။
    သိလိုက်တဲ့အချိန်ရောက်တော့ ကျွန်တော်နဲ့ သူနဲ့က ပန်းခြံထဲမှာ ဖြစ်နေတယ်။
      အံ့သြဖို့ကောင်းတာက သူနဲ့က တစ်ခါမှမတွေ့ဖူးသလို တစ်ခါမှ စကားမပြောဖူးပဲ တူတူရှိနေတာကိုပါ။
        ခုတော့သိလိုက်ပါပြီ အတိတ်ကအရိပ်တွေနဲ့ ပေါင်းစပ်ပြီး လောင်းရိပ်လေး လွတ်သွားလို့ဆိုတာပါပဲ။
          သိပ်ဆန်းကြယ်သလို လိုက်မမှီလောက်အောင် ဖြစ်နေတာက လူတိုင်းမှာ ရှိနေတဲ့ အချစ်ပါပဲ။
ဆက်ဖတ်ရှု့ရန်

Thursday, November 3, 2011

သောကြောင့်


အနမ်းတစ်ချက်
သူစွဲမက်သည်
နူးညံ့ထိတွေ့
အစဉ်မမေ့သောကြောင့်၊
အပြုံးတစ်ချက်
သူစွဲမက်သည်
ရီဝေသက်မှူး
အကြည့်စူးသောကြောင့်၊
အမုန်းတစ်ချက်
သူစွဲမက်သည်
ခါးသက်မှုန်ဝေ
အချစ်ဆွေမည် ကြောက်သောကြောင့်။ ။
ဆက်ဖတ်ရှု့ရန်

အချစ်အမုန်း

ဘ၀ကပေးတာက သဘာဝတွေပါ၊ ယူကြတာချင်း ကွဲလွဲတော့ ချစ်တာတွေ မုန်းတာတွေဖြစ်ကုန်ရော၊ ချစ်ဟန်ဆောင်နေတာကို မုန်းနေတာလို့ ဘာလို့မယူဆမိကြတာလဲ၊ မုန်းဟန်ဆောင်နေတာကို ချစ်နေတာလို့ ဘာလို့မယူဆမိကြတာလဲ၊ တော်တော်ခက်ခဲတာပဲနော်၊ ချစ်နေတာကို ချစ်နေတာလို့ မယူဆမိသူက လောကမှာရှိသေးတယ်၊ မုန်းနေတာကို မုန်းနေတာလို့ မယူဆမိသူကလည်း ရှိပြန်တယ်၊ အချစ်ဆိုတာကလည်း နားမလည်နိုင်လောက်အောင် ဆန်းကြယ်နေလေတော့ လူတိုင်းဖွင့်ကြတဲ့ အဓိပ္ပါယ်တွေကလည်း ကွဲလွဲကြလေရဲ့၊ မိမိခံယူထားတဲ့ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်တွေနဲ့ အချစ်ကို ခင်းကျင်းပြသပြီး ဇာတ်လမ်းကို အဆုံးသတ်ကြတယ်၊ အချစ်ကို ပြည့်စုံလုံလောက်အောင် မည်သူကမှ မဖွင့်ဆိုနိုင်ပါဘူး၊ အဲဒီထက်သေချာတာတစ်ခုပြောပါရစေ၊ လူတစ်ယောက်ဟာ အချစ်ကို ဖွင့်ဆိုထားတဲ့အတိုင်း အားလုံးမဖြစ်တာပါပဲ၊ ဥပမာ- ရယူခြင်းလို့ ဖွင့်ဆိုထားတယ်၊ နောက် စွန့်လွှတ်ခြင်းလို့ ထပ်ဖွင့်ထားတယ်ဆိုကြပါစို့၊ လူတစ်ယောက်မှာ အဘယ်ကဲ့သို့ ပြည့်စုံအောင် လုံလောက်အောင် ဖွင့်ဆိုထားတဲ့အတိုင်း ဖြစ်မည်နည်း၊ မည်သူမျှ မဖြစ်သည်သာ။
ဆက်ဖတ်ရှု့ရန်

မှာတမ်းမဟုတ်တဲ့လွမ်းချင်း

ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေ

အေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား
ဟိုအရင်လိုပဲ သူထက်ငါအပြိုင်
စကားနိုင်လုရင်း ရယ်မောခဲ့ရတဲ့ အချိန်တွေကို
အတိုင်းအဆ မရှိ လွမ်းမိတယ်မောင်...

ဘာကာရံမှမခြံ အရံရံ ငြိစွန်း
စကားခွန်း အထေ့ငေါ့တွေကြားမှာ
အပြုံးမပျက်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ်မောင်....

ဟော..ရှေ့က ရော်ရွက်ဝါလေးတွေ
လေတိုက်တိုင်း တလွင့်လွင့်နဲ့ လူးလွင့်နေကြတာလဲ
ပန်းချီတမျှ အသက်ဝင်လှပပေမယ့်
ပွင့်လင်းတဲ့ မောင့်အပြုံးတွေကိုတော့ မမှီနိုင်ဘူး ထင်ပါရဲ့...မောင်


ဆောင်းဦး ရဲ့ အအေးဒဏ်က
မာထန်နေတဲ့ မောင့် မျက်ဝန်းစိမ်းတွေလောက်တော့
ရင်ကိုနာကျင်မှု မရှိစေတာလဲ အမှန်ပဲလေ ..မောင်

အသိတစ်ခုနဲ့ နွေးထွေးစေတဲ့
အိမ်မက် လှလှလေးတွေ အစား၊
ထိန်လန့်မှုနဲ့ ခြောက်ခြားနေရတဲ့ အိပ်ပျက်ညတွေဟာ
" ည "ကို ပိုလို့ အထီးကျန်စေခဲ့မယ် ဆိုရင်
" လ "ဆိုတာလည်း မလှနိုင်တော့ပါဘူးမောင်..

ဝေးခြင်း၊နိးခြင်း
ပဥာက်တွေနဲ့ မချည်နှောင်ပေမယ့်
စိမ်းကားခြင်းအတက်နဲ့ သွေဖီလာမယ်ဆိုရင်
မနက်ခင်းရဲ့ တေးသံသာတွေလဲ ဘယ်ချိမြိန်နိုင်ပါတော့မလဲမောင်..

နောင်တစ်နေ့ရဲ့ အဆုံးသတ်ဆိုတာ
မောင်ပေးတဲ့ ရလဒ်ရဲ့ အဖြေဆိုရင်
သစ်ရွတ်ကြွေတိုရဲ့ ရှိုက်သံအဖြစ်
လောင်ကျွမ်းဖို့လဲ အသင့်ဖြစ်နေပြီလေ...

ပျောက်ဆုံးသွားတဲ့ လမ်းစ
ဘယ်မှာများ ကျပျောက်သွားတာလဲ..မောင်

ခမ်းနားတဲ့ အိမ်မက် မဟုတ်ခဲ့ပေမယ့်
လှပတဲ့ အနာဂတ်ဘယ်သူကများ
ရိုက်ခွဲပစ်လိုက်တာလဲ..မောင်

ကြယ်တွေလဲ မကြွေစေချင်သလို
မျက်ရည်တွေလည်း မဝေချင်ဘူး ..မောင်

ခဏတာ ချွေးသိမ်မှုလဲ မလိုချင်သလို
ဘဝမှာ နှစ်သိမ့်ဆု ဆိုတာနဲ့လည်း မကျေနပ်နိုင်ဘူး...မောင်

ရော်ဝါရွက်တွေ မြေလူးသလို
ခံစားချက်တွေလည်း ခါးတူးလို့
သွားပါတော့လို့များ ကြေငြာလိုက်လေသလား......မောင်

တစ်ကယ်တော့လည်းမောင်
လွမ်းရယ်၊ ဆွေးရယ်
ငိုကြွေး တမ်းတမှုတွေရယ်
ဒီလိုနဲ့ပဲ ...လျှောက်ခဲ့ဘူးတဲ့လမ်းတွေမှာ..
နေရော လပါ ပျောက်ခဲ့မှတော့
ဝှက်ထားတဲ့ ဖဲချက်အောက်မှာ
အရာမထင်ပဲ အက်ကြောင်းရာသာ ကျန်ရစ်ခဲ့ရတာပါ...မောင်။
အိန်ဂျယ်လှိုင်းဆိုဒ်မှ ပြန်လည်တင်ပြပါသည်။
ဆက်ဖတ်ရှု့ရန်

ဘ၀ဆိုတာ

တစ်ခါတစ်ရံ
ဘ၀ဆိုတာ
ဖရီးဝှီးချော်နေတဲ့
စက်ဘီးတစ်စီးကိုနင်းနေရသလိုပဲ
အမြင့်ပျံတဲ့ငှက်
...လေမုန်တိုင်းကိုမကြောက်သလို
ရည်မှန်းချက်ကြီးတဲ့သူ
လောကဓံကို မကြောက်ရဘူး။
တစ်ခါတစ်ရံမှာ
သစ်ပင်ကငြိမ်နေပေမဲ့
လေကတိုက်တော့ခက်တယ်။
အရည်အသွေးကောင်းတဲ့ကျောက်
စောင့်ရှောက်ရခက်သလို
သိပ်တော်နေတဲ့သူကို
ထိန်းချုပ်ရခက်တယ်။
ပန်းခရေဆိုဒ်လေးမှကူးယူတင်ပြပါသည်။
ဆက်ဖတ်ရှု့ရန်

ဒဏ်ရာ

နှလုံးသားရဲ့ ဒဏ်ရာ
အပြုံးများခံနေတော့
အမုန်းတရားမရှိ
ဖုံဖိမရမှ ချစ်တယ်ပြောတယ်
ဒါဟာ
သစ္စာလား။ ။

ဆက်ဖတ်ရှု့ရန်