အချစ်ဒေသ
ကျွန်တော်ရဲ့အိပ်မက်တွေ ဆားရည်စိမ်ထားပေမယ့် ပုပ်သိုးသွားတယ်ဗျာ
မူလစာမျက်နှာ
ခံစားမှုများ
ကဗျာများ
ရင်တွင်းစကားများ
ဆာလောင်မှုများ
တိုလီမိုလီများ
Showing posts with label
ကဗျာများ
.
Show all posts
Showing posts with label
ကဗျာများ
.
Show all posts
Tuesday, August 26, 2014
တကယ်
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ
အော
်နေကြတယ်...
တကယ်တော့
ခဏ ပုန်းအောင်းနေတာပါ...
ဆက်ဖတ်ရှု့ရန်
Sunday, January 15, 2012
အနမ်း
ဆောင်းတစ်ညရဲ့ရင်ခုန်သံ
စည်တီးမြည်ဟီးလို့ ညံဆူ
နွေညတစ်ညကိုပဲ လွမ်းမိတော့တယ်...
အေးစိမ့်စိမ့် နှင်းတွေကို စိန်ခေါ်ရင်း
တောင်တန်းကို မော့အကြည့်
တောင်လေတွေ ဆော့မြူးတော့
တော်ဘူးပေါ့ဆိုသူရယ်...
ခုတော့လေ
လရိပ်အောက်က အနမ်းတစ်ပွင့်
စခန်းမသင့်ခဲ့ပါလားနော်........
ဆက်ဖတ်ရှု့ရန်
Wednesday, December 21, 2011
လွမ်းရက်ရှည် လ
မြူမှုံတွေကြားမှာ
တောင်တန်းများနဲ့
လှချင်တိုင်းလှ
သဘာဝက
သူနဲ့အလှချင်းပြိုင်
ယှဉ်ဆိုင်နေသယောင်...
မပီဝိုးတစ်ဝါး
အေးစက်စက်နှင်းထုတွေကြား
ဆော့ကစားပြေးလွှား
ဒီလို ဒီဇင်ဘာလ များ
ငါ့အား...အလွမ်းပိုစေ..
ချစ်နေတာ သူသိပါစေလို့လည်း
တမာန်တော်လွှတ်
မချေချွတ်ချင်ဘူး...
တစ်ယောက်ထဲ ငါခံစား..
အလွမ်းတရားများကြား
ရီဝေစွာစံစားရင်း
မင်းတစ်ယောက်ပျော်ပါစေ...
နေတတ်သလို နေပါလေ...လို့။ ။
ဆက်ဖတ်ရှု့ရန်
Wednesday, November 30, 2011
လွမ်းလို့
လမ်းလျှောက်ရင်း ပန်းကောက်ခဲ့တယ်။
အိမ်ပြန်ချိန်နောက်ကျလို့
နွမ်းလျမွေ့လျော် အဖော်မပါ။
အသဲစိုင် အရည်စွန်းလို့
သုံးလွန်းတင် သံယောဇဉ်တွေနဲ့
ဟစ်တိုင်ပေါ် ဇိမ်ခံထိုင်ပြီး
ခပ်ကြမ်းကြမ်း လွမ်းလျှက်။ ။
ဆက်ဖတ်ရှု့ရန်
Thursday, November 17, 2011
အတ္တဆန်သော အပြုံး
ကြီးကျယ်ခမ်းနား တယ်ဆိုတဲ့အရာများ
ငါက ရယ်ချင်တယ်..
ဒီစိတ်လေးပေါ့..
အောက်ကျ နောက်ကျ ရှုံးနိမ့်နေတာတောင်
ကြောက်ပြီလားတဲ့။
ဒါ..မာယာပဉ္စလက်နဲ့ အကျဉ်းကျခံ
ကံကြမ္မာကြိုးဆွဲရာ
ကိုယ်လိုရာ ပန်းတိုင်ရှာ
အဲဒါ...အမှားဝင်္ကပါ.
လမင်းကို ခုန်မင်သူပါ
ဖြစ်ချင်ခဲ့တာက ကြယ်စင်တွေ ၀န်းရံခလို့ပေါ့..
ဒါပေမယ့်
မီးပျက်ညတွေမှာ
အလင်းရောင်ရဲ့တန်ဖိုး တိုးလို့မြတ်နိုး
ပိုင်ဆိုင်တာက
သူများရဲ့သွေး.ချွေးနဲ့ဘဝ
နောက်ဆုံးတော့
ပိုးစုန်းကြူးလောက်
လင်းလက်ခွင့်ရလဲ
ကျေနပ်ရတော့မှာပါ...မဗေဒါ......
နိုင်ဦး(ချင်းတွင်း)
ဆက်ဖတ်ရှု့ရန်
Friday, November 4, 2011
အချစ်ငြူတူ
အချစ်တဲ့
တစ်ခါတစ်ရံစိတ်ညစ်ရပြီး
တစ်ခါတစ်ရံ စိတ်ကုန်ပြန်တယ်၊
တစ်ခါတစ်ရံ တွေးကြည့်ပြန်တယ်၊
တစ်ခါတစ်ရံ ငေးကြည့်ပြန်တယ်၊
ဆန်းကြယ်လှောင်ဆူ
အချစ်ဆိုတဲ့ ငြူငြူတူတူကို
ဘယ်လိုရုန်းလို့ လွတ်ပါ့မလဲကွယ်....
ဆက်ဖတ်ရှု့ရန်
Thursday, November 3, 2011
ဒဏ်ရာ
နှလုံးသားရဲ့ ဒဏ်ရာ
အပြုံးများခံနေတော့
အမုန်းတရားမရှိ
ဖုံဖိမရမှ ချစ်တယ်ပြောတယ်
ဒါဟာ
သစ္စာလား။ ။
ဆက်ဖတ်ရှု့ရန်
Home
Subscribe to:
Posts (Atom)