Showing posts with label ခံစားမှုများ. Show all posts
Showing posts with label ခံစားမှုများ. Show all posts
Friday, July 5, 2013
Monday, July 9, 2012
Saturday, June 9, 2012
လက်ဆောင်
မိုးတွေရွာတိုင်း နှလုံးငယ်တစ်ခုရဲ့
တောင်ပံတစ်စုံဟာ လောင်မြိုက်ခြင်းခံနေရပါတယ်။
နေမပွင့်လို့ မိုးမှုန်ခဲ့ရင်
ရင်ခွင်တစ်စုံဟာလည်း မီးမြိုက်ခံထားရတဲ့ တဲအိမ်ပါပဲလား။
အလှမ်းဝေး ကမ္ဘာဆိုတာ ကိုယ့်ဘေးမှာပဲ
အထီးကျန်စွာနဲ့ နီးရာ ဝေဒနာကို ဖမ်းဆုပ်ရင်း
ဘ၀ရဲ့ ခါးသီးတဲ့ လက်ဆောင်ကို
တံစိုးမလိုပဲ ရလိုက်တယ်ကွယ်.....
ဆက်ဖတ်ရှု့ရန်

ရှာဖွေပါရစေ
သဲကန္တာရထဲမှာ မင်းအတွက်
သံစဉ်ချိုချို တေးသွားတစ်ပုဒ်
ရေကိုလိုအပ်သလိုမျိုး သီဆိုကျူးရင့်နေတယ်လေ
တော တောင် ကျောက်ဆောင်တွေက ဘာသာမပြန်တတ်တဲ့
ငါ့သီချင်း........ ချစ်သူ တောတောင်ကျောက်ဆောင်တွေထက်ကြီးမြတ်တဲ့
ငါ့ချစ်ခြင်း......နာထောင်စာနာတတ်တဲ့သူမရှိပေမဲ့
ငါ့နှလုံးသားနဲ့ပြန်လည်နားဆင်
ချစ်သူ ဘယ်သူမှမသိပေမဲ့
အချစ်ဆိုတာဘာမှန်းမသိပေမဲ့
မင်းရင်ထဲမှာ နှလုံးသားထဲမှာပဲ လိုက်ရှာဖွေချင်နေမိတယ်......။

Sunday, February 12, 2012
ယူသွားပါရစေ
အချစ်ကပေးခဲ့သော ဒဏ်ရာတစ်ခု
သေရာထိ ပြုစုပြီး မွေးမြူကာ
အနာဂတ်ပေါင်းများစွာ
ကို... ယူသွားမှာပါ။
သင်္ခန်းစာလို့ မယူဆချင်ပေမယ့်
နဖူးမှာ ရေးခြစ်ပေးသလို
ထာဝရ မပျောက်ပျယ်နိုင်သောကြောင့်
မှတ်မထားမိလည်း
ထပ်အားတွေ သွန်းလောင်းနေဆဲမို့
ဒီတစ်သက်
မင်းအတွက် အမှတ်ရနေသူဟာ
ကို...ပါပဲကွာ....
Subscribe to:
Posts (Atom)