Wednesday, November 16, 2011

ခွန်အားပြည့်စွမ်းအင်

ပျားရည်ဆမ်းတဲ့လမ်း
ပန်းလေးတွေက အထီးကျန်ပေမယ့်
အရင်းခံနှလုံးသားကို ဖြန့်ခင်းခဲ့လို့
ဘ၀ကနိမ့်ကျ
ပြန်မထနိုင်ဦးတောင်
တစ်နေ့တော့အချစ်အတွက်နဲ့
ပြန်ထဖို့
ခွန်အားတွေကို မင်းဆီကရရှိခဲ့တယ်..
ဒါပေမယ့် ငါစိတ်တွေ မပုပ်သိုးခင်
ရွှေလင်းပန်းလေး လှမ်းကမ်းပေပါကွယ်...

No comments:

Post a Comment