Wednesday, November 30, 2011

လွမ်းလို့

လမ်းလျှောက်ရင်း ပန်းကောက်ခဲ့တယ်။
အိမ်ပြန်ချိန်နောက်ကျလို့ 
နွမ်းလျမွေ့လျော် အဖော်မပါ။
အသဲစိုင် အရည်စွန်းလို့
သုံးလွန်းတင် သံယောဇဉ်တွေနဲ့
ဟစ်တိုင်ပေါ် ဇိမ်ခံထိုင်ပြီး
ခပ်ကြမ်းကြမ်း လွမ်းလျှက်။  ။

No comments:

Post a Comment