Thursday, November 3, 2011

မှာတမ်းမဟုတ်တဲ့လွမ်းချင်း

ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေ

အေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား
ဟိုအရင်လိုပဲ သူထက်ငါအပြိုင်
စကားနိုင်လုရင်း ရယ်မောခဲ့ရတဲ့ အချိန်တွေကို
အတိုင်းအဆ မရှိ လွမ်းမိတယ်မောင်...

ဘာကာရံမှမခြံ အရံရံ ငြိစွန်း
စကားခွန်း အထေ့ငေါ့တွေကြားမှာ
အပြုံးမပျက်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ်မောင်....

ဟော..ရှေ့က ရော်ရွက်ဝါလေးတွေ
လေတိုက်တိုင်း တလွင့်လွင့်နဲ့ လူးလွင့်နေကြတာလဲ
ပန်းချီတမျှ အသက်ဝင်လှပပေမယ့်
ပွင့်လင်းတဲ့ မောင့်အပြုံးတွေကိုတော့ မမှီနိုင်ဘူး ထင်ပါရဲ့...မောင်


ဆောင်းဦး ရဲ့ အအေးဒဏ်က
မာထန်နေတဲ့ မောင့် မျက်ဝန်းစိမ်းတွေလောက်တော့
ရင်ကိုနာကျင်မှု မရှိစေတာလဲ အမှန်ပဲလေ ..မောင်

အသိတစ်ခုနဲ့ နွေးထွေးစေတဲ့
အိမ်မက် လှလှလေးတွေ အစား၊
ထိန်လန့်မှုနဲ့ ခြောက်ခြားနေရတဲ့ အိပ်ပျက်ညတွေဟာ
" ည "ကို ပိုလို့ အထီးကျန်စေခဲ့မယ် ဆိုရင်
" လ "ဆိုတာလည်း မလှနိုင်တော့ပါဘူးမောင်..

ဝေးခြင်း၊နိးခြင်း
ပဥာက်တွေနဲ့ မချည်နှောင်ပေမယ့်
စိမ်းကားခြင်းအတက်နဲ့ သွေဖီလာမယ်ဆိုရင်
မနက်ခင်းရဲ့ တေးသံသာတွေလဲ ဘယ်ချိမြိန်နိုင်ပါတော့မလဲမောင်..

နောင်တစ်နေ့ရဲ့ အဆုံးသတ်ဆိုတာ
မောင်ပေးတဲ့ ရလဒ်ရဲ့ အဖြေဆိုရင်
သစ်ရွတ်ကြွေတိုရဲ့ ရှိုက်သံအဖြစ်
လောင်ကျွမ်းဖို့လဲ အသင့်ဖြစ်နေပြီလေ...

ပျောက်ဆုံးသွားတဲ့ လမ်းစ
ဘယ်မှာများ ကျပျောက်သွားတာလဲ..မောင်

ခမ်းနားတဲ့ အိမ်မက် မဟုတ်ခဲ့ပေမယ့်
လှပတဲ့ အနာဂတ်ဘယ်သူကများ
ရိုက်ခွဲပစ်လိုက်တာလဲ..မောင်

ကြယ်တွေလဲ မကြွေစေချင်သလို
မျက်ရည်တွေလည်း မဝေချင်ဘူး ..မောင်

ခဏတာ ချွေးသိမ်မှုလဲ မလိုချင်သလို
ဘဝမှာ နှစ်သိမ့်ဆု ဆိုတာနဲ့လည်း မကျေနပ်နိုင်ဘူး...မောင်

ရော်ဝါရွက်တွေ မြေလူးသလို
ခံစားချက်တွေလည်း ခါးတူးလို့
သွားပါတော့လို့များ ကြေငြာလိုက်လေသလား......မောင်

တစ်ကယ်တော့လည်းမောင်
လွမ်းရယ်၊ ဆွေးရယ်
ငိုကြွေး တမ်းတမှုတွေရယ်
ဒီလိုနဲ့ပဲ ...လျှောက်ခဲ့ဘူးတဲ့လမ်းတွေမှာ..
နေရော လပါ ပျောက်ခဲ့မှတော့
ဝှက်ထားတဲ့ ဖဲချက်အောက်မှာ
အရာမထင်ပဲ အက်ကြောင်းရာသာ ကျန်ရစ်ခဲ့ရတာပါ...မောင်။
အိန်ဂျယ်လှိုင်းဆိုဒ်မှ ပြန်လည်တင်ပြပါသည်။

No comments:

Post a Comment