Wednesday, November 23, 2011

ဘယ်သူနဲ့ငါ

ချစ်စိတ်တွေအိပ်ငိုက်နေခိုက်
လှန့်နှိုးသွားတဲ့ တီးတိုးသံလေး
ခုတော့ ဘယ်ဆီပြေးပါလိမ့်။
ကမ္ဘာပတ်နေတဲ့ မေတ္တာကို အရောင်တွေစပ်ပြီး
တိမ်နှောင်လိမ်လို
အသက်သွင်းသွားတယ် ဘယ်သူများပါလိမ့်။
နန်းမထိုက်တဲ့ ပန်းပေမို့
တိတ်တခိုး စိုးရိမ်
အဖြူစင်ပါလို့ အန်မထုတ်နိုင်တဲ့သူကတော့
ငါပါပဲ။  ။

No comments:

Post a Comment