Friday, January 20, 2012

ဝေးတဲ့ ခံစားမှု

လွမ်းတယ်လို့ယူဆပြီး တေးချင်းတစ်ပုဒ် ညီးတွားမိပါတယ်...သံစဉ်က မညီ၊ သတိရတယ်လို့ယူဆပြီး တမ်းတမိပါတယ်...အဝေးက မပီဝိုးတစ်ဝါး ကြယ်လေးများကို၊ ပန်းရနံ့တွေ မသင်းပျံ့ပဲ စွဲကျန်ခဲ့တဲ့ အနမ်းကြောင့် ကြိုင်လှိုင်နေတာပါ၊ အဝေးကမို့ လွမ်းလို့ သတိရလို့ ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးကို နီးကပ်နေရင် ခံစားရတော့မှာမဟုတ်ပါဘူး၊ ဝေးနေဆဲ ယခုချိန်ကို အမုန်းတိုင် ခံစားပြီး လွမ်းအားကို မြှင့်ကာ တမ်းတလိုက်တော့မယ်...ချစ်ရယ်...နီးနေရင် မခံစားရတော့မှာ ကြောက်လို့ပါ။
ဆက်ဖတ်ရှု့ရန်

Monday, January 16, 2012

လိုချင်လိုက်ပါဘိ

ချစ်စိတ်တွေ ခေါင်းကိုက်နေခိုက်
လိုအပ်ခြင်း ဆေးတွေထုတ်လုပ်တာ နောက်ကျခဲ့လို့
ဒီစမ်းရေမခမ်းခြောက်မှီ
ပန်းကောက်သူ မယ်ဒေ၀ီရယ်...
နှလုံးအိမ်ကို မီးပူတိုက်သလို
တမ်းတခိုက်ပေမို့
သက်သာတာအမြန်လိုချင်လိုက်ပ
ခုလာလှည့်လို့ရယ်
ထွေးပွေ့လို့ ကြင်နာ
ရင်မှာ ကွယ်ဝှက်ပါရစေလား....
ဆက်ဖတ်ရှု့ရန်

Sunday, January 15, 2012

အနမ်း

ဆောင်းတစ်ညရဲ့ရင်ခုန်သံ
စည်တီးမြည်ဟီးလို့ ညံဆူ
နွေညတစ်ညကိုပဲ လွမ်းမိတော့တယ်...
အေးစိမ့်စိမ့် နှင်းတွေကို စိန်ခေါ်ရင်း
တောင်တန်းကို မော့အကြည့်
တောင်လေတွေ ဆော့မြူးတော့
တော်ဘူးပေါ့ဆိုသူရယ်...
ခုတော့လေ
လရိပ်အောက်က အနမ်းတစ်ပွင့်
စခန်းမသင့်ခဲ့ပါလားနော်........

ဆက်ဖတ်ရှု့ရန်

Saturday, January 14, 2012

ပြင်းပြလို့

စကားလုံးတွေ ရှာပြီး ထုထောင်းကြည့်တယ်
ဆန္ဒတွေပဲ ထွက်ကျလာခဲ့တယ်၊
မျက်ရည်ကို အရည်ကြိုကြည့်ပြန်တော့
အငွေ့ပြန်လာတာတွေက ချစ်စိတ်တက်နေတဲ့
မွန်းမွန်းကြပ်ကြပ် ဒဏ်ရာတွေပဲ တွေ့ခဲ့တယ်။
အရာအားလုံးရဲ့ နောက်ကွယ်ဆိုတာ
လိုချင်တဲ့ ဇောလေးတစ်ခု၏ မျက်နှာသာပါလား...
သိပ်ပြင်းပြတဲ့ အာသာကို
ဝေဒနာအဖြစ်ပြောင်းလဲလိုက်တော့
မာယာတွေ ဖြစ်ကုန်ရော...
အပြန်တရာနက်တဲ့ ခြောက်လို
မတ်စောက်စောက်နဲ့ ကျော်တက်ရင်း....
ဆက်ဖတ်ရှု့ရန်