Thursday, November 3, 2011

အချစ်အမုန်း

ဘ၀ကပေးတာက သဘာဝတွေပါ၊ ယူကြတာချင်း ကွဲလွဲတော့ ချစ်တာတွေ မုန်းတာတွေဖြစ်ကုန်ရော၊ ချစ်ဟန်ဆောင်နေတာကို မုန်းနေတာလို့ ဘာလို့မယူဆမိကြတာလဲ၊ မုန်းဟန်ဆောင်နေတာကို ချစ်နေတာလို့ ဘာလို့မယူဆမိကြတာလဲ၊ တော်တော်ခက်ခဲတာပဲနော်၊ ချစ်နေတာကို ချစ်နေတာလို့ မယူဆမိသူက လောကမှာရှိသေးတယ်၊ မုန်းနေတာကို မုန်းနေတာလို့ မယူဆမိသူကလည်း ရှိပြန်တယ်၊ အချစ်ဆိုတာကလည်း နားမလည်နိုင်လောက်အောင် ဆန်းကြယ်နေလေတော့ လူတိုင်းဖွင့်ကြတဲ့ အဓိပ္ပါယ်တွေကလည်း ကွဲလွဲကြလေရဲ့၊ မိမိခံယူထားတဲ့ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်တွေနဲ့ အချစ်ကို ခင်းကျင်းပြသပြီး ဇာတ်လမ်းကို အဆုံးသတ်ကြတယ်၊ အချစ်ကို ပြည့်စုံလုံလောက်အောင် မည်သူကမှ မဖွင့်ဆိုနိုင်ပါဘူး၊ အဲဒီထက်သေချာတာတစ်ခုပြောပါရစေ၊ လူတစ်ယောက်ဟာ အချစ်ကို ဖွင့်ဆိုထားတဲ့အတိုင်း အားလုံးမဖြစ်တာပါပဲ၊ ဥပမာ- ရယူခြင်းလို့ ဖွင့်ဆိုထားတယ်၊ နောက် စွန့်လွှတ်ခြင်းလို့ ထပ်ဖွင့်ထားတယ်ဆိုကြပါစို့၊ လူတစ်ယောက်မှာ အဘယ်ကဲ့သို့ ပြည့်စုံအောင် လုံလောက်အောင် ဖွင့်ဆိုထားတဲ့အတိုင်း ဖြစ်မည်နည်း၊ မည်သူမျှ မဖြစ်သည်သာ။

No comments:

Post a Comment