Thursday, November 3, 2011

သောကြောင့်


အနမ်းတစ်ချက်
သူစွဲမက်သည်
နူးညံ့ထိတွေ့
အစဉ်မမေ့သောကြောင့်၊
အပြုံးတစ်ချက်
သူစွဲမက်သည်
ရီဝေသက်မှူး
အကြည့်စူးသောကြောင့်၊
အမုန်းတစ်ချက်
သူစွဲမက်သည်
ခါးသက်မှုန်ဝေ
အချစ်ဆွေမည် ကြောက်သောကြောင့်။ ။

No comments:

Post a Comment