Tuesday, November 8, 2011

ဘာ့ကြောင့်ပါလိမ့်

ရေတွေတိုက်စားတာ
ကမ်းပါးပါဆိုရင်
မျက်ရည်တွေတိုက်စားတာ
မျက်သားလို့ပြောလိုက်မယ်။
ဒါပေမယ့်
တကယ်တော့ နှလုံးသားပါ။
ကမ်းပါးက မလှုပ်ရှားပဲ
ရေလှိုင်းက ပုတ်ခတ်တာအပြစ်လို့ဆိုရင်
မျက်ရည်က ထိုးနှက်တာလည်း
အပြစ်ပဲပေါ့။ ။
ဒါပေမယ့်
အပြစ်လို့မထင်ခဲ့တာ
ဘာ့ကြောင့်ပါလိမ့်။ ။

No comments:

Post a Comment