Monday, July 9, 2012

ချစ်သူရယ်...

ဆက်ဖတ်ရှု့ရန်

Monday, June 11, 2012

လျှိ့ဝှက်ချက်ရှာဖွေပါ....


ဆက်ဖတ်ရှု့ရန်

Saturday, June 9, 2012

လက်ဆောင်

မိုးတွေရွာတိုင်း နှလုံးငယ်တစ်ခုရဲ့
တောင်ပံတစ်စုံဟာ လောင်မြိုက်ခြင်းခံနေရပါတယ်။
နေမပွင့်လို့ မိုးမှုန်ခဲ့ရင်
ရင်ခွင်တစ်စုံဟာလည်း မီးမြိုက်ခံထားရတဲ့ တဲအိမ်ပါပဲလား။
အလှမ်းဝေး ကမ္ဘာဆိုတာ ကိုယ့်ဘေးမှာပဲ
အထီးကျန်စွာနဲ့ နီးရာ ဝေဒနာကို ဖမ်းဆုပ်ရင်း
ဘ၀ရဲ့ ခါးသီးတဲ့ လက်ဆောင်ကို
တံစိုးမလိုပဲ ရလိုက်တယ်ကွယ်.....
ဆက်ဖတ်ရှု့ရန်

ရှာဖွေပါရစေ

သဲကန္တာရထဲမှာ မင်းအတွက်
သံစဉ်ချိုချို တေးသွားတစ်ပုဒ်
ရေကိုလိုအပ်သလိုမျိုး သီဆိုကျူးရင့်နေတယ်လေ
တော တောင် ကျောက်ဆောင်တွေက ဘာသာမပြန်တတ်တဲ့
ငါ့သီချင်း........ ချစ်သူ တောတောင်ကျောက်ဆောင်တွေထက်ကြီးမြတ်တဲ့
ငါ့ချစ်ခြင်း......နာထောင်စာနာတတ်တဲ့သူမရှိပေမဲ့
ငါ့နှလုံးသားနဲ့ပြန်လည်နားဆင် 
ချစ်သူ ဘယ်သူမှမသိပေမဲ့
အချစ်ဆိုတာဘာမှန်းမသိပေမဲ့
မင်းရင်ထဲမှာ နှလုံးသားထဲမှာပဲ လိုက်ရှာဖွေချင်နေမိတယ်......။





ဆက်ဖတ်ရှု့ရန်

Wednesday, March 14, 2012

ခံစားရတာပါပဲ

ဆက်ဖတ်ရှု့ရန်

Monday, February 20, 2012

လုပ်ချင်တာက

ပေါ်လာတဲ့ စကားလုံးတွေကို နှစ်သိမ့်ရင်း
ဆန္ဒကို အရောင်ဆိုးလိုက်တယ်။
တော်ပါမလုပ်အပ်ပါလို့
တောင်းပန်တဲ့ အခြေအနေမျိုးနဲ့
ဘ၀ကို ရှင်သန်ရတာပဲ 
အဖတ်တင်တယ်။
ရေးရာတွေ မှိုလိုပေါက်
တစ်ခေါက်ခေါက်လိုက်နေတဲ့ သံသယတွေကြောင့်
ဖြောင့်တန်းတန်း သံစဉ်တွေကို
အမှောင်မသန်းခင်
ကြမ်းပြင်မှာ လှဲအိပ်လိုက်ချင်တော့တယ်ကွယ်။  ။


ဆက်ဖတ်ရှု့ရန်