Friday, November 25, 2011

ချစ်ခဲ့ပါတယ်...

မွန်းကြပ်တဲ့ နှလုံးသားကို
စွန်းထင်းကင်းမဲ့အောင်ဖန်တီးပြီး
ပန်းချီဆရာမဲ့စွာ
မင်းပုံဖော်ခဲ့တယ်နော်။
တောက်ပနေတဲ့ ကောင်းကင်ကလမင်းလို့
အကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့
ပန်းကြာငုံ ခုတော့ လူတွေစုံနေပါပေါ့လား။
ပိတုန်းတွေ ပျံဝဲတာကို စောင့်ကြပ်
ငပေါတစ်ယောက်ရဲ့ အဖြစ်အပျက်လို
ငါကြောင်တောင်တောင်ဖြစ်ခဲ့ပေမယ့်
တကယ်ချစ်ခဲ့ပါတယ်။

No comments:

Post a Comment