Wednesday, December 21, 2011

လွမ်းရက်ရှည် လ

မြူမှုံတွေကြားမှာ
တောင်တန်းများနဲ့
လှချင်တိုင်းလှ
သဘာဝက
သူနဲ့အလှချင်းပြိုင်
ယှဉ်ဆိုင်နေသယောင်...
မပီဝိုးတစ်ဝါး
အေးစက်စက်နှင်းထုတွေကြား
ဆော့ကစားပြေးလွှား
ဒီလို ဒီဇင်ဘာလ များ
ငါ့အား...အလွမ်းပိုစေ..
ချစ်နေတာ သူသိပါစေလို့လည်း
တမာန်တော်လွှတ်
မချေချွတ်ချင်ဘူး...
တစ်ယောက်ထဲ ငါခံစား..
အလွမ်းတရားများကြား
ရီဝေစွာစံစားရင်း
မင်းတစ်ယောက်ပျော်ပါစေ...
နေတတ်သလို နေပါလေ...လို့။  ။
ဆက်ဖတ်ရှု့ရန်

ခိုနားရာ

မြူမှုံတွေဆိုင်းနေတဲ့ ဟိုး...ရိုးမတောင်တန်းတွေရဲ့အထက်က 
ဆီးနှင်းထုအလွှာကိုမြင်ရလေတိုင်း 
သူရယ်ကိုယ်ရယ် ....ပျော်မြူးသီဆိုခဲ့ဖူးတဲ့ အချိန်တွေကိုပြန်သတိရမိတယ်...
ချမ်းအေးအေးနဲ့ ပြေးလွှား ဒီဇင်ဘာနှင်းတွေကြားက 
မပီပြင်မှုန်ဝါး အတိတ်တံခါးများကို 
အခါခါ တိုးခေါက် 
ငါ့အသိစိတ်တို့ အမြဲတမ်းနှောက်ခဲ့ရဖူးခဲ့...
စိတ်အစဉ်တွေကမြူလိုပဲ အုံဆိုင်း တုန့်ဆိုင်း
ဘယ်တော့မှ သိမ်းမယ်မှန်းလည်းမသိ...
တကယ်ကိုရူးမိခဲ့....
အဖြစ်တွေကတော့မနှစ်ကနဲ့မတူအောင်
မှုံရီနောက်ကျု
ငါရူးမိနေပြီလေ...ဒီဇင်ဘာ..
စာနာသနားအကျင်နာတရားလေးများထားအုံးမယ်ဆိုရင်
ရင်ခွင်တံခါး အစဉ်ဖွင့်ထားလို့
ငါ့ကို အချမ်းပြေဝင်ရောက်ခိုနားခွင့်ပြုပါ..
နားခိုရာအနှစ် အိုအေစစ်အဖြစ်ပေါ့....။









ဆက်ဖတ်ရှု့ရန်

Sunday, December 18, 2011

လွမ်းစရာချယ်ရီ

မြူမှုန်တွေကြား နှင်းထုတွေတားထားတဲ့
လွမ်းစရာမြေ
ဒီချယ်ရီပင်ခြေတွေအောက်
အပွင့်တွေကောက်ရင်းပျော်မြူး
ပန်းတွေခူးပေးခဲ့တဲ့
ငါ့ဘ၀...
အပျိုစင်ခေါင်း
ချယ်ရီများဆောင်းထားလို့
ဝေဆာနီမြန်းသူ့ဘ၀ခန်းမှာ
ပါဝင်ဆင်နွှဲအတူယှဉ်တွဲဖူးခဲ့လေသော
ငါ့ဘ၀...
ဒီလိုပါပဲ..အေးချမ်းတဲ့ဒီဇင်ဘာနှင်းတွေကြား
ချယ်ရီပင်အနား
တီးတိုးစကားသံများကို
အပြန်အလှန်သီကျူး
ချစ်ရည်လူးဖူးခဲ့တဲ့.
ငါ့ဘ၀...
အခုတော့ အားလုံး သုညဒီဂရီအောက်ထက်
ဒီဇင်ဘာနောက်တစ်ပတ်တောင်
လှည့်လာခဲ့ပြီလေ...
လွမ်းစရာအတည် ဒို့ချယ်ရီဆီပါတကား။  ။
ဆက်ဖတ်ရှု့ရန်

Thursday, December 15, 2011

လုပ်ချင်တာလုပ်

မျက်ရည်တွေ သိမ်းထားခဲ့မယ်ဆိုရင်
ကုန်ခမ်းမည်စိုးလို့
နွေပင်လယ်ဝေတဲ့ နှလုံးအိမ်ထဲမှာပဲ
သိုလှောင်လိုက်တယ်။
ရင်ဘတ်မှာတော့ ပူနွေးနွေးပေါ့။
ချစ်တာတွေ ထုပ်ပိုးပြီး
မပုပ်သိုးအောင် ဆားရည်စိမ်ထားလိုက်ပါ့မယ်...
မင်းလိုတဲ့အချိန် ယူသုံးလို့ရအောင်ပေါ့လေ...
ဆက်ဖတ်ရှု့ရန်

Saturday, December 10, 2011

လှည့်ပတ်ခြင်း

ရင်ခုန်သံတွေ ရွက်လွှင့်ချိန်တွေမှာ
အမုန်းတရားက ခရီးမသွားနိုင်ဘူးတဲ့လေ...
ချစ်တာတွေ လှိုင်းတံပိုးကတိုက်စားတော့
ကမ်းနားကစောင့်ကြိုနေတဲ့ ပျော်ရွှင်မှုတွေက အလံဖြူပြနေလေရဲ့...
မေတ္တာတွေ စိုက်ထူထားခဲ့တဲ့ ဂရုဏာကျွန်းပေါ်မှာ
သံသရာကို တစ်ပတ်လှည့်ကြစို့လားကွယ်။
ဆက်ဖတ်ရှု့ရန်

Friday, December 9, 2011

ဖွင့်ဆိုချက်


လေတိုက်တယ်ဆိုတာ
သစ်ရွက်လေးတွေ လှုပ်မှသိရသလို
သိပ်ချစ်တယ်ဆိုတာ
နှလုံးသားလှုပ်မှသိရတာပါ...
ယုယတယ်ဆိုတာ
ဥယျာဉ်မှူးတွေက ပန်းပင်လေးတွေ
ဂရုစိုက်တာကိုဆိုလိုတာဆိုရင်
မြတ်နိုးတယ်ဆိုတာ
ငါ့ရင်ဘတ်ထဲက
တိတ်တိတ်လေး စွဲလမ်းတာပါ...
ဆက်ဖတ်ရှု့ရန်

Thursday, December 8, 2011

ဘယ်လိုလုပ်ပါ့

ဝေဒနာတစ်ပိုင်းတစ်စနဲ့
ကြေငြာတိုင်း ရင်လှိုင်းသံ
ဒီရင်ကိုလှုပ်ခတ်
လှိုင်းပုတ်သည့်ဟန်...
အကြင်နာမိုးစက်
ရင်ခွင်မှာတိုးပတ်တော့
နိုးတစ်ဝက်ညအိမ်မက်လို
ေ၀၀ါးထွေပြား
စိတ်ကစားလေးကန်...
ရင်ခုန်သံပြင်း
ဘင်သံညင်းသလို
ရင်ခွင်မှာအေး
မိုးစက်လေးက
သာယာအေးချမ်း
ဘ၀လမ်းကို
ဘယ်လိုလျှောက်ပါ့...
ဆက်ဖတ်ရှု့ရန်

အချစ်

ဘယ်လိုဖွင့်လို့မှ မပြည့်စုံတဲ့ စကားလုံး
ဘယ်လိုမှ ဘာသာမပြန်နိုင်တဲ့ စကားလုံး
ဘယ်လိုမှ အဓိပ္ပါယ်မယူနိုင်တဲ့ စကားလုံး
ဘယ်လိုမှ ဒီဟာပါလို့ ရှင်းမပြနိုင်တဲ့ စကားလုံး
ဘယ်လိုမှ ထောက်ပြစရာမရှိတဲ့ စကားလုံး
ဘယ်လိုပေါင်းများစွာနဲ့ ပေါင်းစပ်ထားတဲ့ စကားလုံး
လူတိုင်းသိပြီး လူတိုင်းမသိတဲ့ စကားလုံး
သေချာခံစားတာတောင် ကိုယ်ယောင်မပြတဲ့ စကားလုံး
ဒီစကားလုံးလေးကို သင်ကောဘယ်လိုမြင်ပါသလဲ။

ဆက်ဖတ်ရှု့ရန်

Wednesday, December 7, 2011

ထိခိုက်သူ

ဘ၀ကပေးတဲ့ ချစ်သူတစ်ယောက်
ခပ်ကောက်ကောက် ဆံပင်တွေကို
လျှမ်းလျှမ်းတောက် ပန်းပွင့်နဲ့
တန်ဆာမဆင်ပဲ
ပန်ပေးချင်တယ်...
နှလုံးအိမ်ကို ထိခိုက်လို့
ဦးခိုက်ပါရစေ....
ဆက်ဖတ်ရှု့ရန်

Tuesday, December 6, 2011

ဝေးခဲ့ခြင်း

လွမ်းပြီးရင်မဆွေးချင်သလို
တွေးပြီးရင်လည်း ငေးလို့မနေချင်
လွမ်းပြီးလည်းချစ်
တွေးပြီးလည်းချစ်
ဆွေးလို့သာနေခဲ့ရမှာကိုတော့
အားနာပါရဲ့..ဟုတ်စ
အင်...ဖြစ်နိုင်ပါတယ်...
ရော်ရွက်ဝါကို
ရွှေရွက်လွှာဖြစ်အောင်လုပ်ဖို့
ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့
နင့်နဲ့ငါ့ဘဝ
တို့ရင်ထဲကအချစ်တွေက
နယ်ခြားစည်းတစ်ခုမက
ကဏ္ဍအခန်းတွေ
ပိတ်ဆီးကာရံ....
ဘ၀ခရီးကို လှေစီးပြီးဖြတ်
ခြားရဟတ်လည်ပတ်ပိုခက်ပါရဲ့လေ...
ဝေးရက်နေတော့ပါကလေး....
ကံဆိုးမှုလေးတွေ့ရပါပကောလေ....
ဆက်ဖတ်ရှု့ရန်

Monday, December 5, 2011

မင်းပဲ

မောင့်မျက်ရည်တွေကို သောက်ချင်ခဲ့တဲ့သူလေး
အိမ်ပြန်ချိန်တွေမှာ ကျောပြင်ကို ဒဏ်ရာတွေ တင်ပေးခဲ့ပေမယ့်
ရွှေရင်မအေးခဲ့ရသူက မင်းပဲမလား....
ပန်းလေးတွေ ကြွေတာကြည့်ရင်း
ချွေချင်ခဲ့သူ မင်းလေးကတော့ ရာသီရဲ့အလှည့်မှာ
ထာဝရလွမ်းချင်းတေးတစ်ပုဒ်
ရွေးထုတ်ခဲ့တာ
သီဆိုသူဟာလည်း မင်းပဲမလား။  ။
ဆက်ဖတ်ရှု့ရန်

Saturday, December 3, 2011

လာချင်သူ

ဘ၀ခရီးရှည်ကို 
အဖော်မမှီးချင်လို့
တစ်ယောက်တည်းတည်း
တစ်ကိုယ်တည်းနေတာပါဆို
လူကိုဘာလို့ဘာလို့
အပူတွေ အဆူတွေ
လာ လာငြီးလဲ?
လာ လာမဖြီးနဲ့
ငါ ငါသိတယ်
ဘာကြီး..ဘာကြီးပေါ့...
လောဘတွေမချီးပါဘူးဆိုလဲ
သောကတွေက ငြီးတုံးဆိုရင်
အမှားကိုသိလို့
နောင်တ တရားသာမရှိရင်ပေါ့
ဆန္ဒသာရှိခဲ့တယ်ဆိုရင်
ကဲ..အမိရေ...
နောက်လှည့်ကြည့်မနေနဲ့
လာ..ဒီမှာ..အကိုရှိတယ်...
ဆက်ဖတ်ရှု့ရန်

စုထားသောပုဒ်စု

မင်းကို သိပ်ချစ်တယ်ဆိုတာ တကယ်တော့
ကိုယ့်ကိုယ်ကို ပြောရင် ပိုမှန်မယ်ထင်တယ်...
နောက်
အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြသူတိုင်းဟာ
မိမိအယူအဆတိုင်းဖွင့်ကြတယ်....
တကယ်တော့ 
အမှားတွေချည်းပါပဲ....
အမှန်မှာ
အချစ်ဆိုတာ
ဘာမှကို မဟုတ်ပါဘူး...စကားလုံးတွေ
စုထားတာပါ။  ။
ဆက်ဖတ်ရှု့ရန်

Friday, December 2, 2011

တက်နေပြီ

ချမ်းစိမ့်စိမ့် အိပ်မက်တစ်ခုကို
သတိရပြီး
ခါးသက်သက် အိမ်ပြန်ချိန်တွေကို
လွမ်းတယ်။
မျိုချခဲ့မိတဲ့ ချစ်ဆိပ်တွေ
တိုးတက်ခဲ့ပေမယ့်
အနံ့မပျယ်ခဲ့တဲ့ သံယောဇဉ်ကို
နှလုံးသားမှာ လှောင်တွယ်မိခဲ့လို့
ပါးထက်မှာ တင်ခဲ့တဲ့ မျက်ရည်တွေ
ဒီဂရီတက်နေပြီကွယ်...
ဆက်ဖတ်ရှု့ရန်

ခက်ပြီ

ချမ်းအေးအေးနဲ့ မိုးပြေးလေးထဲမှာ
မိုးရေမိုးပေါက်တို့
တိုးကာဝင်နောက်
အမောင်ရောက်ခဲ့တော့
အလွမ်းရဲ့အောက် အမှောင်ထုနှောက်ခဲ့တာတော့မဟုတ်...
ချစ်ခြင်းရဲ့ကိုယ်စား
နတ်ဘုရားလေးတွေဖြန့်ကျက်
အလွမ်းငှက်ကလေးဖြစ်ကျန်ခဲ့တော့မှ
မိုးစွေ တေးသီငှက်လို
မိုးရေထဲမှာ ငါသီဆိုဖူးခဲ့သွားပြီ...
လွမ်းရင်းနဲ့ချစ် ဆွေးရင်းနဲ့ချစ်
အားလုံးကို စွန့်ရင်းချစ်
ပေးဆပ်ခြင်းသက်သက်သာပါဆို
မင်းက...
အားလုံးကိုလိုချင်ခဲ့တယ်...
ငါဘယ်နဲ့လုပ်ရပါ့...
ဆက်ဖတ်ရှု့ရန်

Thursday, December 1, 2011

ရှိုက်ငိုခြင်း

သိပ်လွမ်းလို့ ကဗျာစီခဲ့တယ်
လွမ်းမ၀တော့ တမ်းတတဲ့သူပါ။
သတိရလို့ အော်ခေါ်မိတဲ့ သူ့နာမည် 
စာတောင်မစီလိုက်ရ။
တစ်နယ်စီခြားပေမယ့်
ရင်ချင်းအပ်လို့ နီးနေချင်
ကံကြမ္မာဖန်တာက စိမ်းကားလွန်းတော့
နှလုံးသားနှင့်အတူ 
ငိုနေတယ်ကွယ်...

ဆက်ဖတ်ရှု့ရန်