Wednesday, December 21, 2011

လွမ်းရက်ရှည် လ

မြူမှုံတွေကြားမှာ
တောင်တန်းများနဲ့
လှချင်တိုင်းလှ
သဘာဝက
သူနဲ့အလှချင်းပြိုင်
ယှဉ်ဆိုင်နေသယောင်...
မပီဝိုးတစ်ဝါး
အေးစက်စက်နှင်းထုတွေကြား
ဆော့ကစားပြေးလွှား
ဒီလို ဒီဇင်ဘာလ များ
ငါ့အား...အလွမ်းပိုစေ..
ချစ်နေတာ သူသိပါစေလို့လည်း
တမာန်တော်လွှတ်
မချေချွတ်ချင်ဘူး...
တစ်ယောက်ထဲ ငါခံစား..
အလွမ်းတရားများကြား
ရီဝေစွာစံစားရင်း
မင်းတစ်ယောက်ပျော်ပါစေ...
နေတတ်သလို နေပါလေ...လို့။  ။

No comments:

Post a Comment