Sunday, December 18, 2011

လွမ်းစရာချယ်ရီ

မြူမှုန်တွေကြား နှင်းထုတွေတားထားတဲ့
လွမ်းစရာမြေ
ဒီချယ်ရီပင်ခြေတွေအောက်
အပွင့်တွေကောက်ရင်းပျော်မြူး
ပန်းတွေခူးပေးခဲ့တဲ့
ငါ့ဘ၀...
အပျိုစင်ခေါင်း
ချယ်ရီများဆောင်းထားလို့
ဝေဆာနီမြန်းသူ့ဘ၀ခန်းမှာ
ပါဝင်ဆင်နွှဲအတူယှဉ်တွဲဖူးခဲ့လေသော
ငါ့ဘ၀...
ဒီလိုပါပဲ..အေးချမ်းတဲ့ဒီဇင်ဘာနှင်းတွေကြား
ချယ်ရီပင်အနား
တီးတိုးစကားသံများကို
အပြန်အလှန်သီကျူး
ချစ်ရည်လူးဖူးခဲ့တဲ့.
ငါ့ဘ၀...
အခုတော့ အားလုံး သုညဒီဂရီအောက်ထက်
ဒီဇင်ဘာနောက်တစ်ပတ်တောင်
လှည့်လာခဲ့ပြီလေ...
လွမ်းစရာအတည် ဒို့ချယ်ရီဆီပါတကား။  ။

1 comment: