Saturday, January 14, 2012

ပြင်းပြလို့

စကားလုံးတွေ ရှာပြီး ထုထောင်းကြည့်တယ်
ဆန္ဒတွေပဲ ထွက်ကျလာခဲ့တယ်၊
မျက်ရည်ကို အရည်ကြိုကြည့်ပြန်တော့
အငွေ့ပြန်လာတာတွေက ချစ်စိတ်တက်နေတဲ့
မွန်းမွန်းကြပ်ကြပ် ဒဏ်ရာတွေပဲ တွေ့ခဲ့တယ်။
အရာအားလုံးရဲ့ နောက်ကွယ်ဆိုတာ
လိုချင်တဲ့ ဇောလေးတစ်ခု၏ မျက်နှာသာပါလား...
သိပ်ပြင်းပြတဲ့ အာသာကို
ဝေဒနာအဖြစ်ပြောင်းလဲလိုက်တော့
မာယာတွေ ဖြစ်ကုန်ရော...
အပြန်တရာနက်တဲ့ ခြောက်လို
မတ်စောက်စောက်နဲ့ ကျော်တက်ရင်း....

No comments:

Post a Comment