Tuesday, December 6, 2011

ဝေးခဲ့ခြင်း

လွမ်းပြီးရင်မဆွေးချင်သလို
တွေးပြီးရင်လည်း ငေးလို့မနေချင်
လွမ်းပြီးလည်းချစ်
တွေးပြီးလည်းချစ်
ဆွေးလို့သာနေခဲ့ရမှာကိုတော့
အားနာပါရဲ့..ဟုတ်စ
အင်...ဖြစ်နိုင်ပါတယ်...
ရော်ရွက်ဝါကို
ရွှေရွက်လွှာဖြစ်အောင်လုပ်ဖို့
ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့
နင့်နဲ့ငါ့ဘဝ
တို့ရင်ထဲကအချစ်တွေက
နယ်ခြားစည်းတစ်ခုမက
ကဏ္ဍအခန်းတွေ
ပိတ်ဆီးကာရံ....
ဘ၀ခရီးကို လှေစီးပြီးဖြတ်
ခြားရဟတ်လည်ပတ်ပိုခက်ပါရဲ့လေ...
ဝေးရက်နေတော့ပါကလေး....
ကံဆိုးမှုလေးတွေ့ရပါပကောလေ....

No comments:

Post a Comment