Wednesday, December 21, 2011

ခိုနားရာ

မြူမှုံတွေဆိုင်းနေတဲ့ ဟိုး...ရိုးမတောင်တန်းတွေရဲ့အထက်က 
ဆီးနှင်းထုအလွှာကိုမြင်ရလေတိုင်း 
သူရယ်ကိုယ်ရယ် ....ပျော်မြူးသီဆိုခဲ့ဖူးတဲ့ အချိန်တွေကိုပြန်သတိရမိတယ်...
ချမ်းအေးအေးနဲ့ ပြေးလွှား ဒီဇင်ဘာနှင်းတွေကြားက 
မပီပြင်မှုန်ဝါး အတိတ်တံခါးများကို 
အခါခါ တိုးခေါက် 
ငါ့အသိစိတ်တို့ အမြဲတမ်းနှောက်ခဲ့ရဖူးခဲ့...
စိတ်အစဉ်တွေကမြူလိုပဲ အုံဆိုင်း တုန့်ဆိုင်း
ဘယ်တော့မှ သိမ်းမယ်မှန်းလည်းမသိ...
တကယ်ကိုရူးမိခဲ့....
အဖြစ်တွေကတော့မနှစ်ကနဲ့မတူအောင်
မှုံရီနောက်ကျု
ငါရူးမိနေပြီလေ...ဒီဇင်ဘာ..
စာနာသနားအကျင်နာတရားလေးများထားအုံးမယ်ဆိုရင်
ရင်ခွင်တံခါး အစဉ်ဖွင့်ထားလို့
ငါ့ကို အချမ်းပြေဝင်ရောက်ခိုနားခွင့်ပြုပါ..
နားခိုရာအနှစ် အိုအေစစ်အဖြစ်ပေါ့....။









No comments:

Post a Comment