Friday, December 2, 2011

တက်နေပြီ

ချမ်းစိမ့်စိမ့် အိပ်မက်တစ်ခုကို
သတိရပြီး
ခါးသက်သက် အိမ်ပြန်ချိန်တွေကို
လွမ်းတယ်။
မျိုချခဲ့မိတဲ့ ချစ်ဆိပ်တွေ
တိုးတက်ခဲ့ပေမယ့်
အနံ့မပျယ်ခဲ့တဲ့ သံယောဇဉ်ကို
နှလုံးသားမှာ လှောင်တွယ်မိခဲ့လို့
ပါးထက်မှာ တင်ခဲ့တဲ့ မျက်ရည်တွေ
ဒီဂရီတက်နေပြီကွယ်...

No comments:

Post a Comment