Showing posts with label ရင်တွင်းစကားများ. Show all posts
Showing posts with label ရင်တွင်းစကားများ. Show all posts
Wednesday, March 14, 2012
Sunday, February 12, 2012
ပိုင်ရှင်
တောင့်တကြည့်တယ်။
မှိန်တုတ်တုတ် မီးအိမ်တစ်လုံးလောက်
အုံ့အုံ့တုံ့တုံ့။ ။
အစာဆာတိုင်း
တောင့်တကြည့်တယ်။
ပဲခူးဆားလိုပဲ
မပါရင် မပြီးဘူးဆိုတာပဲ အဖြေထွက်လာတယ်။
ဓါတ်ခွဲကြည့်ချင်လိုက်ပါရဲ့
ဘာတွေနဲ့ ပေါင်းစပ်လို့
တောင်းယက်သလို ရှုပ်ခတ်နေမလားပဲ။ ။
သိပ်သိပ်သိုသို
မခိုလှုံချင်ပါဘူး။
ဇွတ်တရွတ်နိုင်တတ်သူမို့
တိုးလို့ သက်ဝင်
ထာဝရ ပိုင်ရှင်ဖြစ်ချင်တယ်။
Wednesday, December 21, 2011
ခိုနားရာ
မြူမှုံတွေဆိုင်းနေတဲ့ ဟိုး...ရိုးမတောင်တန်းတွေရဲ့အထက်က
ဆီးနှင်းထုအလွှာကိုမြင်ရလေတိုင်း
သူရယ်ကိုယ်ရယ် ....ပျော်မြူးသီဆိုခဲ့ဖူးတဲ့ အချိန်တွေကိုပြန်သတိရမိတယ်...
ချမ်းအေးအေးနဲ့ ပြေးလွှား ဒီဇင်ဘာနှင်းတွေကြားက
မပီပြင်မှုန်ဝါး အတိတ်တံခါးများကို
အခါခါ တိုးခေါက်
ငါ့အသိစိတ်တို့ အမြဲတမ်းနှောက်ခဲ့ရဖူးခဲ့...
စိတ်အစဉ်တွေကမြူလိုပဲ အုံဆိုင်း တုန့်ဆိုင်း
ဘယ်တော့မှ သိမ်းမယ်မှန်းလည်းမသိ...
တကယ်ကိုရူးမိခဲ့....
အဖြစ်တွေကတော့မနှစ်ကနဲ့မတူအောင်
မှုံရီနောက်ကျု
ငါရူးမိနေပြီလေ...ဒီဇင်ဘာ..
စာနာသနားအကျင်နာတရားလေးများထားအုံးမယ်ဆိုရင်
ရင်ခွင်တံခါး အစဉ်ဖွင့်ထားလို့
ငါ့ကို အချမ်းပြေဝင်ရောက်ခိုနားခွင့်ပြုပါ..
နားခိုရာအနှစ် အိုအေစစ်အဖြစ်ပေါ့....။
ဆက်ဖတ်ရှု့ရန်

Saturday, December 10, 2011
လှည့်ပတ်ခြင်း
ရင်ခုန်သံတွေ ရွက်လွှင့်ချိန်တွေမှာ
အမုန်းတရားက ခရီးမသွားနိုင်ဘူးတဲ့လေ...
ချစ်တာတွေ လှိုင်းတံပိုးကတိုက်စားတော့
ကမ်းနားကစောင့်ကြိုနေတဲ့ ပျော်ရွှင်မှုတွေက အလံဖြူပြနေလေရဲ့...
မေတ္တာတွေ စိုက်ထူထားခဲ့တဲ့ ဂရုဏာကျွန်းပေါ်မှာ
သံသရာကို တစ်ပတ်လှည့်ကြစို့လားကွယ်။

Thursday, December 8, 2011
ဘယ်လိုလုပ်ပါ့
ဝေဒနာတစ်ပိုင်းတစ်စနဲ့
ကြေငြာတိုင်း ရင်လှိုင်းသံ
ဒီရင်ကိုလှုပ်ခတ်
လှိုင်းပုတ်သည့်ဟန်...
အကြင်နာမိုးစက်
ရင်ခွင်မှာတိုးပတ်တော့
နိုးတစ်ဝက်ညအိမ်မက်လို
ေ၀၀ါးထွေပြား
စိတ်ကစားလေးကန်...
ရင်ခုန်သံပြင်း
ဘင်သံညင်းသလို
ရင်ခွင်မှာအေး
မိုးစက်လေးက
သာယာအေးချမ်း
ဘ၀လမ်းကို
ဘယ်လိုလျှောက်ပါ့...
Tuesday, December 6, 2011
ဝေးခဲ့ခြင်း
လွမ်းပြီးရင်မဆွေးချင်သလို
တွေးပြီးရင်လည်း ငေးလို့မနေချင်
လွမ်းပြီးလည်းချစ်
တွေးပြီးလည်းချစ်
ဆွေးလို့သာနေခဲ့ရမှာကိုတော့
အားနာပါရဲ့..ဟုတ်စ
အင်...ဖြစ်နိုင်ပါတယ်...
ရော်ရွက်ဝါကို
ရွှေရွက်လွှာဖြစ်အောင်လုပ်ဖို့
ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့
နင့်နဲ့ငါ့ဘဝ
တို့ရင်ထဲကအချစ်တွေက
နယ်ခြားစည်းတစ်ခုမက
ကဏ္ဍအခန်းတွေ
ပိတ်ဆီးကာရံ....
ဘ၀ခရီးကို လှေစီးပြီးဖြတ်
ခြားရဟတ်လည်ပတ်ပိုခက်ပါရဲ့လေ...
ဝေးရက်နေတော့ပါကလေး....
ကံဆိုးမှုလေးတွေ့ရပါပကောလေ....
Saturday, December 3, 2011
လာချင်သူ
ဘ၀ခရီးရှည်ကို
အဖော်မမှီးချင်လို့
တစ်ယောက်တည်းတည်း
တစ်ကိုယ်တည်းနေတာပါဆို
လူကိုဘာလို့ဘာလို့
အပူတွေ အဆူတွေ
လာ လာငြီးလဲ?
လာ လာမဖြီးနဲ့
ငါ ငါသိတယ်
ဘာကြီး..ဘာကြီးပေါ့...
လောဘတွေမချီးပါဘူးဆိုလဲ
သောကတွေက ငြီးတုံးဆိုရင်
အမှားကိုသိလို့
နောင်တ တရားသာမရှိရင်ပေါ့
ဆန္ဒသာရှိခဲ့တယ်ဆိုရင်
ကဲ..အမိရေ...
နောက်လှည့်ကြည့်မနေနဲ့
လာ..ဒီမှာ..အကိုရှိတယ်...
Friday, December 2, 2011
တက်နေပြီ
ချမ်းစိမ့်စိမ့် အိပ်မက်တစ်ခုကို
သတိရပြီး
ခါးသက်သက် အိမ်ပြန်ချိန်တွေကို
လွမ်းတယ်။
မျိုချခဲ့မိတဲ့ ချစ်ဆိပ်တွေ
တိုးတက်ခဲ့ပေမယ့်
အနံ့မပျယ်ခဲ့တဲ့ သံယောဇဉ်ကို
နှလုံးသားမှာ လှောင်တွယ်မိခဲ့လို့
ပါးထက်မှာ တင်ခဲ့တဲ့ မျက်ရည်တွေ
ဒီဂရီတက်နေပြီကွယ်...
Thursday, December 1, 2011
ရှိုက်ငိုခြင်း
သိပ်လွမ်းလို့ ကဗျာစီခဲ့တယ်
လွမ်းမ၀တော့ တမ်းတတဲ့သူပါ။
သတိရလို့ အော်ခေါ်မိတဲ့ သူ့နာမည်
စာတောင်မစီလိုက်ရ။
တစ်နယ်စီခြားပေမယ့်
ရင်ချင်းအပ်လို့ နီးနေချင်
ကံကြမ္မာဖန်တာက စိမ်းကားလွန်းတော့
နှလုံးသားနှင့်အတူ
ငိုနေတယ်ကွယ်...
Tuesday, November 29, 2011
Wednesday, November 23, 2011
ဘယ်သူနဲ့ငါ
ချစ်စိတ်တွေအိပ်ငိုက်နေခိုက်
လှန့်နှိုးသွားတဲ့ တီးတိုးသံလေး
ခုတော့ ဘယ်ဆီပြေးပါလိမ့်။
ကမ္ဘာပတ်နေတဲ့ မေတ္တာကို အရောင်တွေစပ်ပြီး
တိမ်နှောင်လိမ်လို
အသက်သွင်းသွားတယ် ဘယ်သူများပါလိမ့်။
နန်းမထိုက်တဲ့ ပန်းပေမို့
တိတ်တခိုး စိုးရိမ်
အဖြူစင်ပါလို့ အန်မထုတ်နိုင်တဲ့သူကတော့
ငါပါပဲ။ ။
Wednesday, November 16, 2011
ချစ်လို့
လူလိမ္မာတွေလည်း ခိုးခိုးပြီးမိုက်ကြသလို
လူဆိုးတွေလဲ တိုးတိုးလေးလိမ္မာခဲ့ကြတယ်..
ဒီလိုဘဲ ငါဘယ်လောက်ဆိုးဆိုးမင်းအတွက်ဆိုပြီးတော့
တိုးတိုးလေးလိမ္မာခဲ့ဖူးပါတယ်..
Wednesday, November 9, 2011
ဗလာ
ရင်ခွင်ဟာ ဗလာ
ခံစားချက်က အလှူပေးလို့မကုန်ဘူး။
နှောင်တွယ်မည့် လှိုင်းသံက ဆူညံနေတယ်။
ခုတော့ မုန်တိုင်းကို စိန်ခေါ်ပြီး
လေညှင်းကို အသက်သွင်းထားရမည့် အနေအထားပါလား။
အိမ်ပြန်ချိန်တော့ နောက်မကျချင်ဘူးကွာ.....
ဆက်ဖတ်ရှု့ရန်
ခံစားချက်က အလှူပေးလို့မကုန်ဘူး။
နှောင်တွယ်မည့် လှိုင်းသံက ဆူညံနေတယ်။
ခုတော့ မုန်တိုင်းကို စိန်ခေါ်ပြီး
လေညှင်းကို အသက်သွင်းထားရမည့် အနေအထားပါလား။
အိမ်ပြန်ချိန်တော့ နောက်မကျချင်ဘူးကွာ.....
ဒဏ်ရာနဲ့ နှလုံးသားမှာ
ပန်းလေးတွေ ဖြန့်ခင်းထားတဲ့ အချစ်သင်ဖြူးပေါ်မှာ
အသဲစကားတွေ မပါတဲ့ အိပ်မက်တစ်ခုနဲ့ တူတူရှိနေရင်
ဘ၀ကပေးတာ ပျော်ရွှင်မှုမဖြစ်နိုင်။ လှောင်ရယ်သံတွေ ခြုံထားတဲ့ အပြုံးများက နှိပ်စက်တတ်တဲ့
ထစ်ချုန်းမိုးလို တအားသွန်ချလိုက်တာ နှလုံးသားမှာ ပဲ့ချန်နေတဲ့ ဒဏ်ရာလေး ပြန်လည် ပြည့်သွားတယ်။
ဒါပေမယ့် နည်းနည်းနင့်တယ်။ စူးတယ်။ မနာကျင်ခဲ့ပါ။

Sunday, November 6, 2011
မိန်းကလေးများ၏ လျှို့ဝှက်ချက်များ
ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို--------
ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို--------
ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ--------
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုင်းတာလဲဆိုတာကို------
ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ----------
ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ----------
ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ----------
ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။ ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ---------
ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ--------
ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင်သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်ကောက်ရတာလဲ--------
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာ---------
ကောင်မလေးခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို မေးမေးနေတာလဲဆိုတာ------
ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။
----ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေကကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ--------
ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေသူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့သေချာနားထောင်ပေးနေတာပါ။
မင်းသန့်ဇော်ဆိုဒ်လေးမှပြန်လည်တင်ပြပါသည်။

Friday, November 4, 2011
Thursday, November 3, 2011
အချစ်အမုန်း
ဘ၀ကပေးတာက သဘာဝတွေပါ၊ ယူကြတာချင်း ကွဲလွဲတော့ ချစ်တာတွေ မုန်းတာတွေဖြစ်ကုန်ရော၊ ချစ်ဟန်ဆောင်နေတာကို မုန်းနေတာလို့ ဘာလို့မယူဆမိကြတာလဲ၊ မုန်းဟန်ဆောင်နေတာကို ချစ်နေတာလို့ ဘာလို့မယူဆမိကြတာလဲ၊ တော်တော်ခက်ခဲတာပဲနော်၊ ချစ်နေတာကို ချစ်နေတာလို့ မယူဆမိသူက လောကမှာရှိသေးတယ်၊ မုန်းနေတာကို မုန်းနေတာလို့ မယူဆမိသူကလည်း ရှိပြန်တယ်၊ အချစ်ဆိုတာကလည်း နားမလည်နိုင်လောက်အောင် ဆန်းကြယ်နေလေတော့ လူတိုင်းဖွင့်ကြတဲ့ အဓိပ္ပါယ်တွေကလည်း ကွဲလွဲကြလေရဲ့၊ မိမိခံယူထားတဲ့ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်တွေနဲ့ အချစ်ကို ခင်းကျင်းပြသပြီး ဇာတ်လမ်းကို အဆုံးသတ်ကြတယ်၊ အချစ်ကို ပြည့်စုံလုံလောက်အောင် မည်သူကမှ မဖွင့်ဆိုနိုင်ပါဘူး၊ အဲဒီထက်သေချာတာတစ်ခုပြောပါရစေ၊ လူတစ်ယောက်ဟာ အချစ်ကို ဖွင့်ဆိုထားတဲ့အတိုင်း အားလုံးမဖြစ်တာပါပဲ၊ ဥပမာ- ရယူခြင်းလို့ ဖွင့်ဆိုထားတယ်၊ နောက် စွန့်လွှတ်ခြင်းလို့ ထပ်ဖွင့်ထားတယ်ဆိုကြပါစို့၊ လူတစ်ယောက်မှာ အဘယ်ကဲ့သို့ ပြည့်စုံအောင် လုံလောက်အောင် ဖွင့်ဆိုထားတဲ့အတိုင်း ဖြစ်မည်နည်း၊ မည်သူမျှ မဖြစ်သည်သာ။
Subscribe to:
Posts (Atom)