Saturday, June 9, 2012

လက်ဆောင်

မိုးတွေရွာတိုင်း နှလုံးငယ်တစ်ခုရဲ့
တောင်ပံတစ်စုံဟာ လောင်မြိုက်ခြင်းခံနေရပါတယ်။
နေမပွင့်လို့ မိုးမှုန်ခဲ့ရင်
ရင်ခွင်တစ်စုံဟာလည်း မီးမြိုက်ခံထားရတဲ့ တဲအိမ်ပါပဲလား။
အလှမ်းဝေး ကမ္ဘာဆိုတာ ကိုယ့်ဘေးမှာပဲ
အထီးကျန်စွာနဲ့ နီးရာ ဝေဒနာကို ဖမ်းဆုပ်ရင်း
ဘ၀ရဲ့ ခါးသီးတဲ့ လက်ဆောင်ကို
တံစိုးမလိုပဲ ရလိုက်တယ်ကွယ်.....

No comments:

Post a Comment