Sunday, February 19, 2012

မျှော်လင့်သူ

မိုးချုပ်ခဲ့တဲ့ အချစ်တွေကို
အိပ်တန်းပြန်စေချင်သူ။
မိုးလင်းလို့ ပြန်တွေ့ဖို့
တောင်းဆိုမှုတွေကို နှင်ထုတ်လိုက်ပြီး
အဝေးဆိုတဲ့တစ်နေရာကို
စိန်ခေါ်ရင်း လမ်းလျှောက်ခဲ့သူ။
နေသာခိုက် ဗေဒါမိုက် ပန်းဘ၀လို 
မျှောလိုက်သွားတဲ့ ရေအစုန်
အကုန်ပါ မသွားပေမယ့်
ထာဝရ ခွဲသွားတာကတော့ 
အသေချာ။
နေကြာတွေ ပြုံးရွှင်စွာ ပွင့်လန်း
နေသာသာ ရောင်နီတန်းရယ်က
နှလုံးသားတွေ မှိုတတ်မသွားရလေအောင်
တောင်းတောင်းပန်ပန်နှင့် ပြောင်းဆန်
အကြောင်းကံကို ကျားကန်ပြီး
စောင့်နေရင်း။  ။

No comments:

Post a Comment