ဆက်ဖတ်ရှု့ရန်
Monday, February 20, 2012
Sunday, February 19, 2012
မျှော်လင့်သူ
မိုးချုပ်ခဲ့တဲ့ အချစ်တွေကို
အိပ်တန်းပြန်စေချင်သူ။
မိုးလင်းလို့ ပြန်တွေ့ဖို့
တောင်းဆိုမှုတွေကို နှင်ထုတ်လိုက်ပြီး
အဝေးဆိုတဲ့တစ်နေရာကို
စိန်ခေါ်ရင်း လမ်းလျှောက်ခဲ့သူ။
နေသာခိုက် ဗေဒါမိုက် ပန်းဘ၀လို
မျှောလိုက်သွားတဲ့ ရေအစုန်
အကုန်ပါ မသွားပေမယ့်
ထာဝရ ခွဲသွားတာကတော့
အသေချာ။
နေကြာတွေ ပြုံးရွှင်စွာ ပွင့်လန်း
နေသာသာ ရောင်နီတန်းရယ်က
နှလုံးသားတွေ မှိုတတ်မသွားရလေအောင်
တောင်းတောင်းပန်ပန်နှင့် ပြောင်းဆန်
အကြောင်းကံကို ကျားကန်ပြီး
စောင့်နေရင်း။ ။
Sunday, February 12, 2012
ပိုင်ရှင်
တောင့်တကြည့်တယ်။
မှိန်တုတ်တုတ် မီးအိမ်တစ်လုံးလောက်
အုံ့အုံ့တုံ့တုံ့။ ။
အစာဆာတိုင်း
တောင့်တကြည့်တယ်။
ပဲခူးဆားလိုပဲ
မပါရင် မပြီးဘူးဆိုတာပဲ အဖြေထွက်လာတယ်။
ဓါတ်ခွဲကြည့်ချင်လိုက်ပါရဲ့
ဘာတွေနဲ့ ပေါင်းစပ်လို့
တောင်းယက်သလို ရှုပ်ခတ်နေမလားပဲ။ ။
သိပ်သိပ်သိုသို
မခိုလှုံချင်ပါဘူး။
ဇွတ်တရွတ်နိုင်တတ်သူမို့
တိုးလို့ သက်ဝင်
ထာဝရ ပိုင်ရှင်ဖြစ်ချင်တယ်။
ယူသွားပါရစေ
အချစ်ကပေးခဲ့သော ဒဏ်ရာတစ်ခု
သေရာထိ ပြုစုပြီး မွေးမြူကာ
အနာဂတ်ပေါင်းများစွာ
ကို... ယူသွားမှာပါ။
သင်္ခန်းစာလို့ မယူဆချင်ပေမယ့်
နဖူးမှာ ရေးခြစ်ပေးသလို
ထာဝရ မပျောက်ပျယ်နိုင်သောကြောင့်
မှတ်မထားမိလည်း
ထပ်အားတွေ သွန်းလောင်းနေဆဲမို့
ဒီတစ်သက်
မင်းအတွက် အမှတ်ရနေသူဟာ
ကို...ပါပဲကွာ....
Subscribe to:
Posts (Atom)